ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်မှာ မတ်လအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ KNAL တပ်တို့ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီပူးပေါင်းတပ်ဘက်က ၅၄ ဦးသေဆုံးပြီး၊ ၄၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မတ် ၁၆ ရက်က ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ မတ် ၁ ရက်မှ မတ် ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၁၆၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ဘက်က စစ်သုံးယာဉ် ၁၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် မြင်းလား ၂ ကောင် ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဘက်ကတော့ တပ်ဖွဲ့ဝင် ၇ ဦးကျဆုံးပြီး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ […]