Breaking News >> News >> Democratic Voice of Burma


ခါရ်ကိဗ်မြို့ ဈေးနှင့် ပညာရေးပစ္စည်း သိုလှောင်ရုံကို ရုရှားဗုံး ကျရောက်ပေါက်ကွဲ၊ ၃ ဦးသေဆုံး


Link [2022-03-17 11:13:32]



ယူကရိန်းနိုင်ငံ ဒုတိယမြို့တော် ခါရ်ကိဗ်ရဲ့ ဈေးတခုကို ရုရှားတို့ပစ်ခတ်တဲ့ဗုံး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ဈေးထဲရှိ အစားအစာနဲ့ ကျောင်းသုံးပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်တခုပေါ် ဗုံးကျပြီး မီးလောင်ခဲ့ကာ မီးသတ်တပ်ဖွဲ့က အချိန်အတော်ကြာအောင် မီးငြှိမ်းခဲ့ရတာပါ။မီးသတ်သမားတဦး ဒဏ်ရာရရှိပြီး လူနာတင်ကားနဲ့ သယ်ဆောင်သွားကာ အခြား ပညာရေးဌာနရုံး တခုကိုလည်း ဗုံးထိမှန်ခဲ့တယ်လို့ ပညာရေးဌာန ဒါရိုက်တာ လီလိုင်ယာ ရှာလေးက ပြောပါတယ်။“ကျောင်းတွေကို ဘာဖြစ်လို့ လိုက်ဖျက်ဆီးနေတာလဲ၊ ရုရှားကျူးကျော်သူတွေက ကျောင်းတွေကို ဘာလို့ ဖျက်ဆီးနေတာလဲ၊ ဘယ်လိုမှ နားမလည်နိုင်ဘူး။”

Most Read

2024-09-22 00:37:31