Breaking News >> News >> Democratic Voice of Burma


စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် မန်ယူအသင်း စဉ်းစားနေ


Link [2022-03-17 11:13:32]



နွေရာသီအပြောင်းအရွှေ့ကာလမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မန်ယူအသင်း စဉ်းစားနေတယ်လို့ သိရပါတယ်။မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီးမှ စပါးအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာပါ။အခုအခါ မန်စီးတီးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ပြောင်းလဲ ပစ်မှတ်ထားလာတာကြောင့် မန်ယူအသင်းအနေနဲ့ ဟယ်ရီကိန်း အခြေအနေကို နီးကပ်စွာ စောင့်ကြည့်နေပါတယ်။အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ ကွန်တီလက်အောက်မှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး နည်းပြဖြစ်သူအနေနဲ့ သူ့ကို အလွယ်တကူ လက်လွှတ်ဖွယ်မရှိကြောင်း သိရပါတယ်။ဒါပေမဲ့ သူ့ရဲ့စာချုပ်မှာ သက်တမ်း ၂ နှစ်ပဲ ကျန်ရှိတော့တာကြောင့် စပါးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆုံးရှုံးရမှာထက် ကမ်းလှမ်းမှုတွေကို စဉ်းစားဖွယ်ရှိကြောင်း Mirror သတင်းစာက သုံးသပ်ရေးသားထားပါတယ်။

Most Read

2024-09-22 00:39:23