Breaking News >> News >> Democratic Voice of Burma


ကလော အခြေစိုက် ခမရ ၁၁၂ လုံခြုံရေးဂိတ် ဗုံးပစ်တိုက်ခိုက်ခံရ


Link [2022-03-17 11:13:32]



ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အင်းပြင်ရွာမှာရှိတဲ့ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂ လုံခြုံရေးဂိတ် မတ် ၁၆ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပစ် တိုက်ခိုက်ခံခဲ့ရပါတယ်။ အင်းပြင် ဒေသခံတဦးက “နေ့လယ် ၁ နာရီလောက်က ဖြစ်မယ်၊ အသံက တော်တော်ကျယ်တယ်။ ဂိတ်တဲထဲမှာ အစောင့်နှစ်ယောက်‌တော့ ရှိ‌တယ်။ ထိလား၊ မထိလားတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက လုပ်ဆောင်တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထားပါတယ်။ အောင်ပန်းမြို့ပြပြောက်ကျားတပ်စုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး မတ် ၁၃ […]

Most Read

2024-09-22 00:38:10