Breaking News >> News >> Democratic Voice of Burma


ဝမ်တိန်နယ်စပ်ဂိတ်မှ မြန်မာကုန်စည် ၇ မျိုးတင်သွင်းခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်း


Link [2022-03-17 11:13:32]



ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ဖို့အတွက် မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်-မန့်မန်ဂိတ်ကတဆင့် ဆန်၊ ဆန်ကွဲအပါအဝင် မြန်မာပို့ကုန် ၇ မျိုး တင်သွင်းခြင်းကို  ယာယီရပ်ဆိုင်းကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး  Task Force အဖွဲ့က ကြေညာပါတယ်။ အဲဒီကြေညာချက်အရ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမယ့် ကုန်စည်၊ အေးခဲလတ်ဆတ်၊ အေးခဲကုန်စည် ၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနဲ့  ထုတ်ပိုးရလွယ်ကူတဲ့ စားသောက်ကုန် စတဲ့ကုန်စည်တွေကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းသွားမှာပါ။  ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း တရုတ်ဘက်ခြမ်းက အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနဲ့ ရှန်တိန်ယာဉ်မောင်းတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့လို့ ကျင်စန်းကျော့ဂိတ်ကို ကုန်စည်ဖြတ်သန်းခွင့် ဆယ်ရက်ကြာ ယာယီပိတ်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်မှာ အဲဒီဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး […]

Most Read

2024-09-22 00:35:36