Breaking News >> News >> Democratic Voice of Burma


မှတ်ပုံတင်မပါဘဲ ခရီးသွားခွင့်မရသဖြင့် ရန်ကုန်က အခြေခံလုပ်သားများ အခက်ကြုံ


Link [2022-03-17 11:13:32]



ဧပြီလဆန်းကစပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မှတ်ပုံတင်မပါရင် ခရီးသွားခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာကြောင့် မဖြစ်မနေ နယ်ပြန်ချင်တဲ့ ရန်ကုန်က အခြေခံလုပ်သားတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁ ရက်ကစပြီး  မှတ်ပုံတင်ရှိမှ ခရီးသွားလာခွင့်ပြုတော့မှာဖြစ်ပြီး ထောက်ခံစာတခုတည်းနဲ့ သွားလာတည်းခိုခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။ ဒီထုတ်ပြန်ချက်ကြောင့် နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူတွေအတွက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်လာပါတယ်။  ရန်ကုန်မှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတာကြောင့် နေရပ်ပြန်ချင်တဲ့ အလုပ်သမားတွေဟာ ရန်ကုန်မှာ ပိတ်မိနေမယ့်သဘောမျိုးဖြစ်လာတယ်လို့ MICS အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူက ပြောပါတယ်။  ရန်ကုန်စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ ကိုယ်ပိုင်မှတ်ပုံတင်မရှိကြဘဲ သန်းခေါင်စာရင်း လပေးတိုင်ပြီး နေထိုင်နေကြတာပါ။ အခြေခံလုပ်သားတချို့ဟာ အသက်မပြည့်သေးတဲ့အတွက် ကိုယ်ပိုင်မှတ်ပုံတင်မရှိကြဘဲ အလုပ်ရဖို့အတွက် နားလည်မှုနဲ့အလုပ်ဝင်နေကြတာလည်းဖြစ်ပါတယ်။  နေရပ်ပြန်မှ မှတ်ပုံတင်လုပ်လို့ရမှာဖြစ်တဲ့အတွက် နယ်ကိုပြန်ခွင့်မရှိတာကြောင့် အခြေခံလုပ်သားတွေကြားမှာ ကြီးမားတဲ့အခက်အခဲဖြစ်စေပါတယ်။ စစ်ကောင်စီလက်အောက်ခံ လဝက […]

Most Read

2024-09-22 00:29:51