Breaking News >> News >> Democratic Voice of Burma


ဆားလင်းကြီးမြို့နယ် ထန်းဇင်ရွာကို စစ်တပ်က အကြမ်းဖက် မီးရှို့ဖျက်ဆီး


Link [2022-03-16 23:34:00]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ထန်းဇင်ကျေးရွာကို မတ်လ ၁၆ ရက် ဒီကနေ့စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားတဲ့အတွက် နေအိမ် ၁၇  လုံးမီးလောင်ပြာကျသွားပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ယူသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ စစ်ကောင်စီတပ်သားအင်အား ၆၀ ကျော်နဲ့ ပျူစောထီး ၃၀ လောက်က ရွာကိုမီးရှို့ပြီး ရွာက အိမ် ၁၇ လုံး၊ ဒေသခံတွေမွေးထားတဲ့  မြင်းတကောင်နဲ့ အိမ်မွေးတိရစ္ဆာန်တွေအပြင်  ဆိုက်တွဲတစီး၊ ဆိုင်ကယ် ၂ စီး၊  ထွန်စက်တစီးတို့ကိုလည်း အဓမ္မယူဆောင်သွားပါတယ်။ စစ်ကောင်စီတပ်က ထန်းဇင်ကျေးရွာနဲ့ ကပ်လျှက်ရှိတဲ့ ဘန့်ဘွေးကျေးရွာမှာစခန်းချနေ နေတာကြောင့်   ဘန့်ဘွေးရွာနဲ့ ထန်းဇင်ရွာတွေက ပြည်သူတွေက အိမ်တွေမှာမနေရဲပဲ တိမ်းရှောင်နေကြရကာ တောတွေထဲမှာ ပုန်းအောင်းနေကြရလို့ အခုလို မီးလာရှို့ချိန်မှာ ရွာမှာ လူတွေမရှိကြဘူးလို့ သိရပါတယ်။ အခုမတ်လဆန်းကတော့ ဒေသခံ […]

Most Read

2024-09-22 00:30:39