Breaking News >> News >> Democratic Voice of Burma


ပဲခူးရိုးမပေါ် သစ်ခိုးထုတ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နောက်ဆုံးအကြိမ် သတိပေး


Link [2022-03-16 23:34:00]



ပဲခူးတိုင်း‌ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမပေါ် တရားမဝင် သစ်ခိုးထုတ်နေသူတွေကို မတ် ၁၆ ရက် ဒီကနေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၀ တပ်ရင်း ၁၊ တပ်ခွဲ ၃ (Y.P.D.F)၊ Sniper အဖွဲ့က နောက်ဆုံးအကြိမ် ထပ်မံသတိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်က ပဲခူးရိုးမပေါ် တရားမဝင် သစ်ခိုးထုတ်နေသူတွေကို မတ် ၁ ရက် နောက်ဆုံးထားပြီး ပစွည်းတွေ သယ်ယူထွက်ခွာသွားကြဖို့ အသိပေးထားပြီးဖြစ်ပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲတွေက တာဝန်ယူပေးထားတဲ့အတွက် သစ်ခိုးထုတ်နေဆဲပါ။ တရားမဝင် သစ်ခိုးထုတ်နေသူတွေဟာ ပဲခူးရိုးမပေါ်ကနေ ကိုးပင်-သာဂရလမ်းမရှိ မြောင်သာလမ်း၊ ချောင်းမငယ်လမ်း၊ အုတ်တွင်းလမ်းတွေကနေ ထပ်မံသစ်ခိုးထုတ်နေတဲ့အတွက် မတ် ၃၁ ရက် နောက်ဆုံးထားပြီး အပြီးထွက်ခွာသွားကြဖို့ ထပ်မံအသိပေးလိုက်တာပါ။ ဆက်လက်ပြီး လိုက်နာမှုမရှိဘဲ ပဲခူးရိုးမထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ […]

Most Read

2024-09-22 00:22:40