Breaking News >> News >> Democratic Voice of Burma


မိုင်းကိုင်တွင် ထော်လာဂျီ တိမ်းမှောက်၊ ဘုရားဖူးသွားသူ ၁၀ ဦးကျော်ဒဏ်ရာရပြီး အဘွားအို ၁ ဦးသေဆုံး


Link [2022-03-16 23:34:00]



ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ထဲမှာ မတ်လ ၁၅ ရက် ညနေပိုင်းက ဘုရားဖူးရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီကားတစီး တိမ်းမှောက်ပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရကာ အဘွားအိုတဦး သေဆုံးသွားပါတယ်။အဆိုပါဘုရားဖူးတွေဟာ မိုင်းကိုင်မြို့နယ် ပန်နင်ကျေးရွာကဖြစ်ပြီး မိုင်းကိုင်မြို့မွေတော် တပေါင်းလပြည့် ဘုရားလာဖူးကြတာဖြစ်ကြောင်း၊ အပြန်ခရီး ကောင်းမူးတန်ကျေးရွာနားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ မိုင်းကိုင်မြို့သားတဦးက ဒီဗွီဘီကို ပြောပါတယ်။“သူတို့က ပန်နင်ကျေးရွာက ပလောင်တိုင်းရင်းသားတွေပါခင်ဗျ၊ မနေ့က မိုင်းကိုင် မွေတော်ဘုရားဖူးပြီး အပြန် ည‌နေ ၃ နာရီကျော်လောက်မှာ ကားမှောက်သွားတယ်။ ဘာကြောင့်မှောက်သွားလဲတော့ မသိရပါဘူး။ ဒဏ်ရာရတာ ၁၀ ယောက်ကျော်မယ်ထင်တယ်။ ဒဏ်ရာပြင်းထန်တာက ၃ ယောက်။ အဲဒါ သံဃသြဝါဒခံ နာရေးကူညီမှုအသင်းက လွိုင်လင်ဆေးရုံကြီးကို တညလုံး ပို့ပေးလိုက်တယ်။ ၃ […]

Most Read

2024-09-22 00:38:06