Breaking News >> News >> Democratic Voice of Burma


ဟိုပင်မြို့တွင် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ဦး ပစ်သတ်ခံရ


Link [2022-03-16 23:34:00]



ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်ရှိ လျှပ်စစ်ရုံးအနီးမှာ အငြိမ်းစားယူထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီး တယောက်  မတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အငြိမ်းစားဗိုလ်ကြီး အောင်မျိုးသန့်နဲ့ မိတ်ဆွေတဦးတို့ဟာ လျှပ်စစ်ရုံးအနီး ကားပေါ်မှာထိုင်နေတုန်း အမည်မသိ သေနတ်သမားတွေက လာပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ပြည်သူတဦးက “မနက် ၉ နာရီခွဲလောက်က သူစီးလာတဲ့ AD Van ကားပေါ်မှာ ထိုင်နေတုန်း အနောက်ကနေ ကားနှစ်စီးရောက်လာပြီး သေနတ်နဲ့ပစ်တာ။ ပြည်သူ့စစ်ဗိုလ်ကြီးကတော့ ကားပေါ်မှာ သေသွားတယ်။ နောက်တယောက်ကတော့ သေမသေ တိတိကျကျ မသိရဘူး။ ပစ်ချက်က မနည်းဘူး။ ကားနှစ်စီးနဲ့ ဝိုင်းပစ်တာ။ ဘယ်သူပစ်တယ် ဆိုတာတော့ […]

Most Read

2024-09-22 02:43:40