Breaking News >> News >> Democratic Voice of Burma


ဆီးရီးယားစစ်ပွဲ ၁၁ နှစ်ပြည့် စစ်ဆန့်ကျင်ရေးဆန္ဒပြ


Link [2022-03-16 11:53:39]



၂၀၁၁ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ် ၁၁ နှစ်ပြည့်နေ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အိုင်ဒ်လစ်ဘ်မြို့မှာ ဒီနေ့ ပြုလုပ်ပြီး လူထောင်ချီ ပါဝင်ခဲ့ပါတယ်။ပြည်တွင်းစစ် ၁၁ နှစ်ကြာ ကာလအတွင်း လူထောင်သောင်းချီ သေဆုံးပြီး နိုင်ငံတွင်းက သန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာပါ။ဆန္ဒပြသူတွေက ဆီးရီးယားအလံတွေ၊ ပိုစတာတွေ ကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။၂၀၁၁ ခုနှစ် မတ်လကစပြီး သမ္မတ ဘာရှာ အယ်လ် အာဆဒ်ကို ဆန့်ကျင်ဆန္ဒပြခဲ့သူ ၁ သောင်းကျော်ဟာ တရုားရုံးထုတ်မှုမရှိဘဲ ဖမ်းဆီးခံထားရပါတယ်။ လူသိန်းချီ သေဆုံးခဲ့ပြီး တိုင်းပြည်လူဦးရေ တဝက်ကျော် ပြည်ပကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

Most Read

2024-09-22 02:38:46