Breaking News >> News >> Democratic Voice of Burma


ကြည့်မြင်တိုင်မြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးကွဲ


Link [2022-03-16 11:53:39]



ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ  ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက်ရဲ့ နေအိမ်မှာ မတ်လ ၁၆ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွေးရဲ့နေအိမ်ကို ဒီမနက် ၉ နာရီကျော်လောက်မှာ လက်ပစ်ဗုံးပစ်ထည့်ခဲ့ပြီး ကားကိုလည်း ချိန်ကိုက်ဗုံးတပ်ဆင်ခွဲခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ “ဒီနေ့မနက်ပိုင်းလုပ်တာခုပဲပြီးတာပါ။ လူကတော့ မသေဘူး။ အိမ်ထဲကို လက်ပစ်ဗုံးပစ်ထည့်ပြီး ကားကို ချိန်ကိုက်ဗုံးနဲ့ခွဲတာ”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  နေအိမ်ဗုံးကွဲပြီး ကားမိုင်းကွဲတာကြောင့် သေဆုံးထိခိုက်မှုမရှိပေမဲ့ နေအိမ်အတွင်းပိုင်းနဲ့ ကားပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။  စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွေးဟာ ပြည်သူတွေကိုဖိနှိပ်ပြီး သတင်းပေး လုပ်နေတဲ့အပြင် စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြတဲ့လူငယ်တွေကိုပါ လိုက်လံဖမ်းဆီးတာကြောင့် ခုလို သတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

Most Read

2024-09-22 02:41:21