Breaking News >> News >> Democratic Voice of Burma


နျူကလီးယားစစ်ပွဲ အလားအလာ ဖြစ်နိုင်ချေရှိဟု ကုလအတွင်းရေးမှူးချုပ် ပြော


Link [2022-03-16 11:53:39]



ယူကရိန်းကို ကျူးကျော်တိုက်ခိုက်အပြီး ရုရှား နျူကလီးယားတပ်ဖွဲ့တွေကို တိုးမြှင့် တပ်လှန့်လိုက်တဲ့ ရုရှားရဲ့ သတိပေးချက်ဟာ အရိုးစိမ့်စေတဲ့လုပ်ရပ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရက်စ်က မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။တချိန်က မတွေးရဲစရာ နျူကလီးယားစစ်ပွဲ အလားအလာဟာ ခုတော့ ဖြစ်နိုင်ချေရှိနေပြီလို့လည်း ဂုတားရဲ့စ်က သတင်းထောက်တွေကို ပြောပါတယ်။ ရန်လိုတာတွေ ချက်ချင်းရပ်ဖို့ကိုလည်း သူက ထပ်ပြီးဆော်ဩလိုက်ပါတယ်။ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းနယ်စပ်တွေ တလွှားကနေ ပြည်သူ ၂ ဒသမ ၈သန်းကျော် ထွက်ပြေးခဲ့ရတာပါ။ရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ မြို့တွေထဲမှာလည်း ထောင်သောင်းချီတဲ့လူတွေ ပိတ်မိနေပါတယ်။ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေက ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ခဲ့ကြပါတယ်။ယူကရိန်းနိုင်ငံထဲက ဥရောပရဲ့ အကြီးဆုံးဖြစ်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ရှာမှာ မီးလောင်အပြီး […]

Most Read

2024-09-22 02:28:18