Breaking News >> News >> Democratic Voice of Burma


ရုရှား-ယူကရိန်း နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေး ပြန်သုံးသပ်မည်ဟု အိန္ဒိယပြော


Link [2022-03-16 11:53:39]



ရုရှားကျူးကျော်စစ်ကို နှုတ်ဆိတ်နေခဲ့တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ရုရှား-ယူကရိန်း နှစ်နိုင်ငံစလုံးနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ယူကရိန်းမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၂,၅၀၀ ကို ဘေးကင်းလုံခြုံစွာ ပြန်ခေါ်နိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျာရှန်ကာက မတ် ၁၅ ရက်နေ့ လွှတ်တော်မှာ ပြောကြားခဲ့တာပါ။သူက “ယူကရိန်းပဋိပက္ခဟာ အိန္ဒိယရဲ့ စီးပွားရေးကိုပါ လာရောက်ရိုက်ခတ်ပါတယ်။ လောင်စာဆီနဲ့ ကုန်ပစ္စည်းဈေးတွေ တက်နေတာ အားလုံးအမြင်ပါ။ ကမ္ဘာ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု supply chain လုပ်ငန်းတွေ ပျက်သွားတာကြောင့် ဈေးနှုန်းပိုတက်နေတာ။ အခု ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်နေပါတယ်။ အိန္ဒိယရဲ့ ကြားနေမူဝါဒ အပြောင်းအလဲ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

Most Read

2024-09-22 02:42:01