Breaking News >> News >> Democratic Voice of Burma


ရုရှားနိုင်ငံပိုင်ရုပ်သံ သတင်းလွှင့်နေစဉ် ဝန်ထမ်းတဦး စစ်ဆန့်ကျင်ရေးဆန္ဒပြ


Link [2022-03-16 11:53:39]



ရုရှားရဲ့ နိုင်ငံပိုင်ရုပ်သံ TV Channel One က သတင်းတိုက်ရိုက်လွှင့်နေစဉ်မှာ သတင်းတင်ဆက်နေသူရဲ့ နောက်ကနေ ရုတ်တရက် အမျိုးသမီးတဦးက ‘စစ်ပွဲအလိုမရှိ’ ပိုစတာကိုင်ဆောင်ထွက်လာပြီး စစ်ပွဲဆန့်ကျင် ကြွေးကြော်ခဲ့မှု အံ့အားသင့်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။  ရုပ်သံထုတ်လုပ်ဝန်ထမ်းဖြစ်တဲ့ မာရီနာ အိုစယာနီကိုဗာ ဆိုသူဟာ ‘No War’ ပိုစတာနဲ့အတူ “စစ်ပွဲကို ချက်ချင်းရပ်၊ ဝါဒဖြန့်တာ မယုံကြနဲ့၊ သူတို့ သင့်ကို လိမ်နေတာ” လို့ သတင်းတင်ဆက်နေသူနောက်ကနေ အော်ခဲ့တာပါ။  ရုပ်သံစီစဉ်သူတွေက အခြားမြင်ကွင်းကို ချက်ချင်းပြောင်းလိုက်တာကြောင့် သူ အော်ခဲ့တာ စက္ကန့်အနည်းငယ်ပဲ ကြာသွားပါတယ်။  အစိုးရသတင်းကြည့်နေတဲ့ ရုရှားပြည်သူ သန်းပေါင်းများစွာက တိုက်ရိုက်မြင်လိုက်ရပြီး အံ့အားသင့်ခဲ့ပါတယ်။  မာရီနာကို ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင်မှာ မာရီနာက ရုရှားကျူးကျော်စစ်ပွဲကို ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ […]

Most Read

2024-09-22 02:29:11