Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်မြို့နယ်၌ စစ်​ရှောင်​ ၂ ဦးကို စစ်တပ်က ပစ်သတ်၊ လူငယ် ၂ ဦးကို ဖမ်းဆီး


Link [2022-03-16 00:14:08]



စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မတ် ၁၅ ရက် မနက်ပိုင်းက စစ်​ရှောင်​နေတဲ့ အပြစ်မဲ့ပြည်သူ ၂ ယောက်ကို စစ်​ကောင်စီတပ်က  ဖ်မးဆီးပြီး ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံ​တွေက ​ပြောပါတယ်။ ပစ်သတ်ခံရသူတွေဟာ ​ကွေ့​ချောင်း​ကျေးရွာက ဦးသိန်းလင်းနဲ့ လက်ပန်ကျေးရွာက ဦးသိန်းနိုင် တို့ဖြစ်ပါတယ်။ ဦးသိန်းလင်းကို​ မုံရွာယာကြီး က​လေးဝလမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးက ​ချောင်းရိုးထဲမှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ဦးသိန်းနိုင်ကိုတော့  လက်ပန်​ရေကန်ရဲ့အထက်မှာ ဦး​ခေါင်းကိုပစ်ခတ်ခဲ့လို့ ဦး​နှောက်တွေထွက်ကျ​သေဆုံးနေတာတွေ့ရတာလို့ ​​ဒေသခံ​တွေက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂ ဦးလည်း ဖမ်းဆီးသွားခဲ့ပြီး လက်ပန်ဘုန်းကြီး​ကျောင်းအ​ရောက်မှာ ​ကျောင်းထိုင်ဆရာ​တော်ရဲ့ ​မေတ္တာရပ်ခံချက်​ကြောင့် ပြန်လည်လွတ်​မြောက်လာခဲ့တယ်လို့ ​ဒေသခံတစ်ဦးက​ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လမ်းခုလပ်တစ်​နေရာမှာတွေ့တဲ့ အမျိုးသား လူငယ် ၂ ဦးဖမ်း ခေါ်​ဆောင်သွားတယ်လို့ ဆိုပါတယ်။ […]

Most Read

2024-09-22 02:33:53