Breaking News >> News >> Democratic Voice of Burma


ပေါင်းတည်မြို့ ၌ အုပ်ချုပ်ရေးမှူးအားဝေဖန်ခဲ့သည့် အမျိုးသား ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံရ


Link [2022-03-16 00:14:08]



ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားဝေဖန်ပြောဆိုခဲ့သည့်   အမျိုးသား ၂ ယောက်ကို ရဲက ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ပေါင်းတည်မြို့နယ် တရားရုံးက နေသိရပါတယ်။  မြို့ခံ ကိုသက်လှ(ခ)ကိုသက်နဲ့ ကိုအောင်တင်ဝင်းတို့ နှစ်ယောက်ဟာ ရေတွင်းမှာ ရေချိုးရင်းနဲ့ စကားစမြည်ပြောရာမှာ စစ်ဘောမတွေ မြန်မြန်သေရင်ကောင်းမှာပဲလို့ ပြောဆိုခဲ့တယ်ဆိုပြီး ဒလန်တစ်ယောက်က သတင်းပေးခဲ့တဲ့အတွက် မတ်လ ၁၃ ရက်နေ့က  ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက “သူတို့နှစ်ယောက်ကို ပထမကတော့ အုတ်ဖို (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆဲဆိုကြိမ်းမောင်းတဲ့အတွက်ဆိုပြီး  အိမ်မှာ လာဖမ်းသွားတာ မနက်ဖြန်တော့ ရုံးချိန်း၊ ရမန်ယူမယ်လို့ကြားတယ်။ သူတို့က အုပ်ချုပ်ရေးမှူးကို တောင်းပန်သေးတယ်။ ကျေအေးမပေးဘူး။  ကျေအေးမပေးတဲ့အပြင် ပထမစွဲထားတာတဲ့ ပုဒ်မ ၄၇ အပြင် နောက်ထပ်ပုဒ်မ ၃၀(က) ၅၀(က) […]

Most Read

2024-09-22 02:26:05