Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီက ရွှေလှေကျေးရွာ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ရွာသား ၁ ဦးကို ပစ်သတ်


Link [2022-03-15 12:33:08]



စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာကို မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့ပြီး ထွန်စက်မောင်းနေတဲ့ ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ် ၁၀၀  ထက်မနည်းကို မီးရှို့ ဖျက်ဆီးဆီးခဲ့ပြီး ဒေသခံ လယ်သမား ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက‌ ပြောပါတယ်။ “မနက် ၆ နာရီလောက် ရွာထဲကို စစ်တပ်ဝင်လာတယ်။ သူတို့ဝင်လာတာတွေ့လို့ လယ်ထွန်စက်မ မောင်းပြေးတဲ့ လယ်သမား ၁ ဦးကို သေနတ်နဲ့ လှမ်းပစ်တာ သေသွားတယ်။ ရွာကိုလည်း မီးရှို့သွားတာ အိမ်ခြေ ၁၀၀ လောက် မီးလောင်လို့ ကုန်ပြီ” လို့  ရွှေလှေကျေးရွာဒေသခံတဦးက ပြောပါတယ်။ ချောင်းဦးမြို့နယ်မှာ […]

Most Read

2024-09-22 02:29:08