Breaking News >> News >> Democratic Voice of Burma


တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆ ဦး ဖမ်းဆီးခံရ


Link [2022-03-15 12:33:08]



ထိုင်းနိုင်ငံ မဲဆောက်မြို့ အာရှလမ်းမကြီးမှာ ဘန်ကောက်သွားမယ့် ကားနှစ်စီးပေါ်ကနေ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၆ ဦး မတ်လ ၁၅ ရက်နေ့ မနက် ၄ နာရီခွဲလောက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် သောင်ရင်းမြစ်ကို လှေနဲ့ကူးလာပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ယာယီတည်းခိုကာ ဘန်ကောက်မြို့ကို သွားရောက်ဖို့ကြိုးစားရာမှ  မဲဆောက်ရဲမှူးကြီး မွန်းဆပ် ကယောက်အွန် ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ သတင်းအရ မဲဆောက်မြို့ အာရှလမ်းမကြီးအတိုင်း စောင့်ဖမ်းရာမှ ပစ်ကပ်ကား ၂ စီးပေါ်ကနေ မြန်မာအလုပ်သမား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၆ ဦးတို့ကို တွေ့ရှိခဲ့ပြီး စစ်ဆေးချက်အရာ တရားဝင်အထောက်အထား […]

Most Read

2024-09-22 02:40:11