Breaking News >> News >> Democratic Voice of Burma


အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချပြီး တရုတ်ပြည်တွင်းရေး ဝင်စွက်ဟု တရုတ်ပြော


Link [2022-03-15 12:33:08]



အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်အကြီးအကျယ်ရောင်းချနေပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထိုင်ဝမ်ဟာ ဒေါ်လာ ၆ ဒသမ ၉၉ ဘီလီယံဖိုး လက်နက်ဝယ်ယူဖို့ အမေရိကန်နဲ့ စာချုပ်ချုပ်ထားတာပါ။  မစ္စတာကျောက်က “ထိုင်ဝမ်ကို လက်နက်ရောင်းချနေတာဟာ အမေရိကန်က တရုတ် တနိုင်ငံထဲမူဝါဒကို ချိုးဖောက်ပြနေတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်က လက်မှတ်ထိုးထားတဲ့ အမေရိကန်-တရုတ် ပူးတွဲသဘောတူညီချက်ကိုလည်း ချိုးဖောက်နေတာပါ။ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ထိုင်ဝမ်ရေလက်ကြား မတည်မငြိမ်ဖြစ်အောင် လုပ်နေတာတွေ ရပ်ပါ” လို့ ပြောပါတယ်။

Most Read

2024-09-22 02:27:51