Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့နယ် ထန်းတောတိုက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့


Link [2022-03-15 12:33:08]



စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ထန်းတောတိုက်ကျေးရွာကို စစ်ကောင်စီတပ်တွေက မတ် ၁၄ ရက်နေ့ ည ၇ နာရီလောက် မီးရှို့နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အင်အား ၆၀ လောက်ရှိ စစ်ကောင်စီတပ်ဟာ ထန်းတောတိုက်ရွာမှာ မတ် ၁၃ ရက်နေ့ကတည်းက တပ်စွဲနေထိုင်နေတာလို့ သိရပါတယ်။ ပုလဲဒေသခံရွာသားတဦးက “မီးကတော့ ရွာထဲကအိမ်တွေရော၊ ရွာအပြင်က တဲတိုက်လေးတွေရော အကုန်ကိုမီးရှို့နေကြတာ။ ဘယ်နှလုံးလောင်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူးဗျ။ ပျူစောထီးတွေက စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့ရွာကို လာလာဗိုလ်ကျ ဆက်ကြေးတောင်တာတွေ လုပ်ကြတော့ တချို့ရွာသားတွေက နေရပ်စွန့်ခွာသွားသူတွေက သွားတယ်။ တချို့ကတော့ ရွာထဲမှာမနေရဲကြတော့ဘဲ တောတောင်တွေထဲ မိုးကာတဲထိုးပြီး ပုန်းနေသူတွေက ပုန်းနေကြတယ်။ ရွာထဲမှာ လူကိုမရှိတော့ဘူးဗျ။ အဲလူမရှိတဲ့ ရွာကိုတောင် စစ်ကောင်စီတပ်က မီးရှို့တယ်ဆိုတော့ဗျာ အတော်လေးကို တရားလွန်လာပါပြီ” လို […]

Most Read

2024-09-22 02:38:28