Breaking News >> News >> Democratic Voice of Burma


မြစ်ဆုံတွင် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု ရပ်တန့်ရန် ဒေသခံများ ဆန္ဒပြတောင်းဆို


Link [2022-03-15 00:53:00]



မြစ်ဆုံဒေသအတွင်း စက်ယန္တရားတွေနဲ့ ရွှေတူးဖေါ်တဲ့လုပ်ငန်းတွေရပ်တန့်ပေးဖို့  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသခံတချို့က မတ်လ ၁၄ ရက် ဒီနေ့ ကျရောက်တဲ့  “အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့” မှာ မေခ၊မလိခမြစ်ဆုံအနီးသွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မြစ်ဆုံအနီး ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာ မြစ်ချောင်းတွေ ထာဝရစီးဆင်းစေဖို့နဲ့ ရွှေတူးဖေါ်လုပ်ငန်းတွေရပ်တန့်ပေးဖို့ကျေးရွာ ၁၅ ရွာက ရွာသူရွာသား  လူအင်အား  အယောက်  ၇၀ ကျော်လောက်နဲ့ သွားရောက် ဆန္ဒပြခဲ့ကြတာလို့ ဒေသခံ တဦးက ပြောပါတယ်။  “အာဏာသိမ်းအပြီးနောက်ပိုင်း  မြစ်ဆုံဒေသအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တယားတွေသုံးပြီး ရွှေတူးဖေါ်တာတွေလုပ်လာကြတယ်။ ခုဆို  မလိခမြစ်ရေက သောက်သုံးလို့မရတော့ဘူး။ ဓါတုဗေဒပစ္စည်းတွေ ရွှေတူးဖေါ်ရေးက စွန့်ပစ်ပစ္စည်းတွေကြောင့် ဂေဟစနစ်နဲ့ မြစ်ချောင်းတွေပျက်စီးကုန်ပြီ အဲ့ဒါကြောင့် ဒီနေ့ကန့်ကွက် ဆန္ဒထုတ်ဖော်ရတာ”လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဧရာဝတီမြစ် ထာဝစဉ် […]

Most Read

2024-09-22 02:38:16