Breaking News >> News >> Democratic Voice of Burma


ကသာကို ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘော ၂ စီး ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ


Link [2022-03-15 00:53:00]



စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ မတ် ၁၄ ရက် မနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းကနေ ဆန်တက်လာတဲ့  စစ်ကောင်စီတပ်ရဲ့  သင်္ဘော ၂ စီးကို  Katha PDF က  ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ မန္တလေးမှ ကသာသို့ စစ်ကောင်စီတပ်အင်အားဖြည့်ဖို့လာတဲ့ ရေယာဉ်သင်္ဘောကို ကသာမြို့နယ်  ပန်းသေးရွာအနီးမှာ Katha PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံတွေထံက သိရပါတယ်။ “မနက်က ပန်းသေးရွာနားမှာ စစ်ကောင်စီ ရေယာဉ်တက်လာတုန်း ကသာ PDF က ပစ်တာ။ သင်္ဘောအထိနာပုံရတယ်။ ညနေပိုင်း ကသာဆိပ်ကမ်းကို စစ်ကောင်စီသင်္ဘောဆိုက်လာပြီး မကြာဘူး လူနာတင်ကားလေးစီးဆိုက်ပြီး ကသာဆေးရုံကို လူနာတင်ပြီး မောင်းသွားတယ် ဘယ်နှစ်ယောက်ထိခိုက်သေဆုံးတယ်ဆိုတာတော့ တိတိကျကျမသိဘူး”လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။ သင်္ဘောအလယ်တည့်တည့်ကို ရှော့တိုက် […]

Most Read

2024-09-22 02:24:12