Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့နယ် ကျေးရွာတရွာတွင် စာသင်ကျောင်းဗုံးကွဲ


Link [2022-03-15 00:53:00]



စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွဲရဲကျေးရွာ(မြောက်) စာသင်ကျောင်းမှာ  မတ်လ ၁၄ ရက် ဒီမနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ “အထက-ခွဲ ဗုံးပေါက်ကွဲသွားတယ်။ ကျောင်းကဖွင့်တယ်။ ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ ကျောင်းသူကျောင်းသားတွေက ထိခိုက်တာမရှိဘူး ကျောင်းဝင်းက ဝင်းသီရိ ကျောင်းဆောင် မျက်နှာကြက် ပျက်စီးသွားခဲ့တယ်။” ဗုံးပေါက်ပြီးနောက် မကြာခင် စစ်ကောင်စီတပ်တွေရောက်ပြီး စစ်ဆေးတာတွေ ပြုခဲ့တယ်လို့  အနီးနား မျက်မြင်တစ်ဦးက ပြောပါတယ်။ ကျွဲရဲ(မြောက်)ကျေးရွာရှိ အထက-ခွဲ ကျောင်းဆောင်ဗုံးပေါက်ကွဲတာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

Most Read

2024-09-22 02:29:21