Breaking News >> News >> Democratic Voice of Burma


ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ထားရန် တူရကီနှင့်ဂရိ သဘောတူ


Link [2022-03-15 00:53:00]



သဘောမတူတာတွေ ရှိပေမယ့် ဆက်ဆံရေးလမ်းကြောင်းတွေကို ဆက်ဖွင့်ထားပြီး ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ တူရကီသမ္မတ တေယစ်အာဒိုဂံနဲ့ ဂရိဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကစ်တို့ မတ်လ ၁၃ ရက် အစည်းအဝေးမှာ သဘောတူလိုက်ကြတယ်လို့ တူရကီ သမ္မတက ပြောပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် အပြောင်းအလဲ ဖြစ်ခဲ့တဲ့ ဥရောပလုံခြုံရေးအတွက် တူရကီနဲ့ ဂရိဟာ အထူးတာဝန်ကို ထမ်းဆောင်နေပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဟာ ဒေသတွင်း အကျိုးစီးပွားအတွက် အကျိုးရှိစေလိမ့်မယ်လို့လည်း သမ္မတ အာဒိုဂံက ဆွေးနွေးပွဲတွေ အပြီးမှာ ပြောပါတယ်။ ဂရိဝန်ကြီးချုပ်ဟာ အစ္စတန်ဘူလ်မြို့တော်က ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဦးဆောင်တဲ့ ဝတ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။

Most Read

2024-09-22 02:26:18