Breaking News >> News >> Democratic Voice of Burma


ဆီစျေးနှင့် ငါးဖမ်းကိရိယာဈေးနှုန်း မြင့်တက်မှုကြောင့် ရေး ငါးဖမ်းလုပ်ငန်း အရှုံးပေါ်


Link [2022-03-14 08:53:22]



မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ စက်သုံးဆီစျေးနဲ့ ငါးဖမ်းကိရိယာပစ္စည်းဈေး မြင့်တက်လာတာကြောင့် ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  လုပ်ငန်းရှင်တွေက ပြောပါတယ်။ “အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့ ငါးဖမ်းကိရိယာတွေက အစဈေးနှုန်းတွေမှာ ၃ ဆ လောက်နီးပါးလောက်တက်တော့ ကျန်တဲ့ အလုပ်သမားတွေရဲ့ စရိတ်ကလည်း များတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းက ရေရှည်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့ မရဘူး” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဒါ့အပြင် ငါးဖမ်းရာသီကာလမှာ ငါးမရကြတဲ့ ငါးဖမ်းလှေတွေ ကျပ်သိန်း ရာနဲ့ချီ အရှုံးပေါ် နေကြပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်နားရဖွယ်ရှိတယ်လို့  ဆိုပါတယ်။  ဈေးနှုန်းတွေ မြင့်တက်တာကြောင့် ရေလုပ်ငန်းရှင် ရာခိုင်နှုန်းထက်ဝက်ကျော်နီးပါးလောက် အခု ငါးဖမ်းရာသီမှာ အရှုံးပေါ်ကြသလို […]

Most Read

2024-09-22 02:38:49