Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့နယ်၌ စစ်ကောင်စီတပ်သား ၂ ဦး စနိုက်ဘာဖြင့်ပစ်ခံရ၊ ၆ ဦး အရှင်ဖမ်းမိ


Link [2022-03-14 08:53:22]



ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကနဲလေးကျေးရွာဘက်မှာ  မတ်လ ၁၃ ရက်က KNLA နဲ့ DKBA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သား ၂ ယောက်ကို စနိုက်ဘာနဲ့ အသေပစ်သတ်ခဲ့ပြီး  ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။ မနေ့က ကော့ကရိတ်- မြဝတီ အာရှလမ်းမှာ KNLAပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေချိန်မှာ လေးကေ့ကော်မြို့သစ်နဲ့ ဝေါလေမြိုင်လမ်းမှာလည်း KNLA ပူးပေါင်းအဖွဲ့က လမ်းပိတ်ထားပြီး ကနဲလေးရွာဘက်မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို  လက်နက်ငယ် ၁ လက်နဲ့ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် ကနဲလေးစခန်းမှ ထွက်လာပြီး သတင်းထောက်တဲ့ တပ်သားငယ် ၂ ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကာ ကနဲလေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအတွင်းကို  […]

Most Read

2024-09-22 02:32:47