Breaking News >> News >> Democratic Voice of Burma


ထိုင်းတွင် ဆင် ၅၇ ကောင်ကို ဂုဏ်ပြုကျွေးမွေးပြီး ဆင်နေ့ကျင်းပ


Link [2022-03-14 08:53:22]



ထိုင်းနိုင်ငံ ရုက္ခဗေဒဥယျာဉ်တခုမှာ Elephant Day ကျင်းပပြီး ဆင် ၅၇ ကောင်ကို ဂုဏ်ပြုကျွေးမွေးပွဲ  သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့  တည်ခင်းပေးခဲ့ပါတယ်။ ဆင်များနေ့ကို ပုံမှန်အားဖြင့် မတ်လ ၁၃ ရက်မှာ နိုင်ငံတဝန်း ကျင်းပလေ့ရှိပေမဲ့ အခုနှစ် ကိုဗစ်ကပ်ဘေးကြောင့် အကန့်သတ်နဲ့သာ ကျင်းပတာပါ။  ချွန်ဘူရီပြည်နယ် နူန်းနုအပူပိုင်းရုက္ခ‌ဗေဒဥယျာဉ်မှာ ဆင်တွေအတွက် တည်ခင်းထားတဲ့ စားပွဲကြီးက ၈ မီတာ ပတ်လည်ကျယ်ပြီး သစ်သီးပေါင်းစုံနဲ့ ဟင်းသီးဟင်းရွက် ၂ တန်ကျော် ရှိပါတယ်။  ထိုင်းမှာ ရှေးယခင်က ဆင်တွေကို လုပ်ငန်းခွင်မှာ အသုံးချခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံ့ ယဉ်ကျေးမှုအတွက် ဂုဏ်ယူစရာ သင်္ကေတအဖြစ် တရားဝင် သတ်မှတ်ထားပါတယ်။

Most Read

2024-09-22 02:34:13