Breaking News >> News >> Democratic Voice of Burma


ရုရှားက တပ်ဖွဲ့သစ်များ ထပ်မံစေလွှတ်ဟု ယူကရိန်းသမ္မတပြော


Link [2022-03-13 12:53:25]



ကြီးမားတဲ့ ရုရှားစစ်တပ်ဟာ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ဆုံးရှုံးမှုတွေ ကြုံနေရပေမဲ့ နောက်ထပ်တပ်ဖွဲ့အသစ်တွေ ယူကရိန်းကို ထပ်လွှတ်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။  ကျူးကျော်တိုက်ခိုက်လာတဲ့ ရုရှားတပ်ရင်း ၃၁ ခုဟာ တိုက်ခိုက်နိုင်စွမ်းမရှိ ဖရိုဖရဲနဲ့ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဇလန်းစကီးက ဂျာမန်ဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတတို့ကိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီး မီလီတိုပိုလ်မြို့ရဲ့  မြို့တော်ဝန်ကို ရုရှားတပ်တွေ ပြန်ပေးဆွဲသွားတာ ပြန်လွှတ်ပေးဖို့ ဖိအားပေး ပြောခိုင်းပါတယ်။  ယူကရိန်းအရှေ့တောင်ဘက် မီလီတိုပိုလ်မြို့ဟာ ရုရှားတို့ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး မြို့ဒေသခံ ၂ ထောင်ကျော်က ဖမ်းဆီးသွားတဲ့ မြို့တော်ဝန် အီဗန် ဖီဒိုရော့ဗ်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာပါ။  ဂျာမန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတက ရုရှားသမ္မတပူတင်ကို ဖုန်းဆက်ပြောပေမဲ့ မြို့တော်ဝန်ပြန်ပေးဆွဲမှုဟာ […]

Most Read

2024-09-22 04:48:20