Breaking News >> News >> Democratic Voice of Burma


အင်္ဂပူမြို့တွင် ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး


Link [2022-03-13 12:53:25]



ဧရာဝတီတိုင်း၊ အင်္ဂပူမြို့မှာ မတ် ၁၁ ရက်နေ့က ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင်ဆိုသူ အသတ်ခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင် နေထိုင်တဲ့ ထန်းပင်ကုန်းကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့လာပစ်သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာကာ မတ်လ ၁၁ ရက်နေ့မှာ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ဖြစ်တဲ့နေ့က ၂ ယောက်ကို ဖမ်းသွားတာ၊ နောက်နေ့မှ ဈေးလာရောင်းတဲ့ကလေး ၃ ယောက်ကို ထပ်ဖမ်းသွားတာ။ အဓိက စစ်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းစစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။ ပျူစောထီးခေါင်းဆောင်အသတ်ခံရတဲ့နေ့မှာ စစ်ကောင်စီတပ်သားတွေ မနက်ပိုင်းရောက်လာပြီး ရွာထဲဝင်စီးကာ ဆဲဆိုကြိမ်းမောင်းပြီး သူတို့စိတ်ထဲရှိတဲ့သူတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ […]

Most Read

2024-09-22 04:59:04