Breaking News >> News >> Democratic Voice of Burma


တိုက်စစ်မှူးဟာလန်းကိုခေါ်ယူရန် မန်စီးတီး သဘောတူညီမှုရပြီဟု သတင်းထွက်


Link [2022-03-13 12:53:25]



မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရှိခဲ့ပြီလို့ သိရပါတယ်။  ဂျာမန်သတင်းစာတွေရဲ့ဖော်ပြချက်အရ မန်စီးတီးဟာ ဟာလန်းနဲ့ တွေ့ဆုံးဆွေးနွေးခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ပြီး စာချုပ်ချုပ်ဆိုဖို့ အဆင်သင့်အနေအထားဖြစ်တယ်လို့ ဆိုပါတယ်။  အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူး ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်ကြေးဟာလည်း အခုနှစ်ရာသီအကုန်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။  ဒေါ့မွန်အသင်းကိုယ်တိုင်က ဟာလန်းရဲ့ အပြောင်းအရွှေ့အပေါ် ထိန်းချုပ်လို့မရကြောင်း ဝန်ခံထားပြီး ဆွေးနွေးမှုတွေ လုပ်ရမယ်လို့ ပြောခဲ့ဖူးပါတယ်။  ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေးအနေနဲ့ ပေါင် ၆၃ သန်းပေးချေမယ်ဆိုရင် ခေါ်ယူနိုင်ပ‌ေမယ့် ကစားသမားနဲ့ လုပ်ခလစာနဲ့ စာချုပ်သက်တမ်းကိစ္စတွေ သဘောတူညီမှုရဖို့လိုအပ်မှာဖြစပါ တယ်။  တိုက်စစ်မှူးဟာလန်းရဲ့ ဖခင်ဖြစ်သူ အယ်လ်ဖီဟာလန်းဟာလည်း ကစားသမားဘဝက မန်စီးတီးအသင်းမှာ ၃ နှစ် ကစားခဲ့ဖူးပါတယ်။  နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းမှာ စုစုပေါင်း ၇၉ ပွဲကစားပြီး […]

Most Read

2024-09-21 08:32:51