Breaking News >> News >> Democratic Voice of Burma


မိုးကုတ်တွင် စစ်ကောင်စီတပ်က သေနတ်ပြပြီး ​မီတာခ ခြိမ်းခြောက်တောင်းခံနေ


Link [2022-03-12 20:54:16]



မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မတ် ၁၂ ရက်က မြို့နယ်လျှပ်စစ်မီတာရုံးက  လက်နက်ကိုင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ အင်အားသုံးပြီး မီတာဆောင်ဖို့ တအိမ်တက်ဆင်းလိုက်လံ ခြိမ်းခြောက်ဖိအားပေး နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အရင်က မီတာလာကောက်ရင် မီတာရုံးက လူတွေပဲ လာတာ။ အခုက အရပ်ဝတ်တွေနဲ့ လက်နက်အပြည့်အစုံနဲ့ ကျည်ကာပါဝတ်ပြီးလာတာ။ သေနတ်တွေနဲ့ဆိုတော့ တချို့အိမ်တွေက ကြောက်လို့ မီတာဆောင်ကြရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။  မီတာကို ၆ လ တစ်ဖြတ် ဆောင်ရမှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း မီတာဆောင်ပေးဖို့နဲ့ မီတာမဆောင်ပါက မီးဖြတ်မယ်လို့ တအိမ်တက်ဆင်း လိုက်လံခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်က အခုလို အင်အားသုံးပြီး လက်နက်တွေနဲ့ လာတာကြောင့် မီတာ ပေးဆောင်လိုက်ရတဲ့ ဒေသခံတွေရှိပေမဲ့ မီတာဆောင်ရင်လည်း မီးဖြတ်နေတာကြောင့် မီတာခ မပေးတော့မယ့်  […]

Most Read

2024-09-21 08:51:58