Breaking News >> News >> Democratic Voice of Burma


ပခုက္ကူမြို့ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ မန်နေဂျာကို စစ်ကောင်စီက ဖမ်းဆီး


Link [2022-03-12 20:54:16]



မကွေးတိုင်း၊ ပခုက္ကူမြို့က မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲရဲ့ မန်နေဂျာ အမျိုးသမီး ၁ ဦးကို မတ် ၁၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပခုက္ကူမြို့ အမှတ် ၈ ရပ်ကွက်၊အာဇာနည်လမ်းမှာနေထိုင်တဲ့ မြန်မာ့ရှေ့ဆောင်ဘက်ခွဲရဲ့ မန်နေဂျာ ဒေါ်ခင်နှောင်းနှောင်းကို မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့  ဒေသခံတစ်ယောက်က ပြောပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခင်နှောင်းနှောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်တွေ လုပ်ပေးတဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ပခုက္ကူမြို့မှာ မတ် ၈ ရက်ကလည်း စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲ ခံရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅ လုံးကို လာရောက်ချိတ်ပိတ် သွားတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ […]

Most Read

2024-09-22 04:50:57