Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်


Link [2022-03-12 15:42:23]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ဘက် ၁ မိုင်လောက်အကွာမှာ  မတ် ၁၂ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့  စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပါတယ်။ ကော့ကရိတ်မြို့ လုံခြုံရေးယူထားတဲ့ စကခ-၁၂ လက်အောက်ခံ ခလရ ၂၃၀၊ ခလရ ၂၃၁ က အင်အား ၁၀၀ လောက်ဟာ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့အကြား အာရှလမ်းမကြီးအတိုင်း ချီတက်လာစဉ် တစ်တန်ကူးရွာအနားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တိုက်ပွဲမှာပါဝင်သူ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။ တချိန်တည်းမှာပဲ  ကော့ကရိတ်အရှေ့ဘက် ကိုက် ၆၀၀ လောက်  အာရှလမ်းမမှာ သွားလာနေတဲ့ ၆ ဘီးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မတ်လ ၁၁ […]

Most Read

2024-09-21 08:42:18