Breaking News >> News >> Democratic Voice of Burma


ရွှေကူမြို့နယ်တွင် ဗျူဟာမှူးလိုက်ပါလာသည့်စက်လှေ တိုက်ခိုက်ခံရ


Link [2022-03-12 15:42:23]



ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးအပါဝင် တပ်ဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါလာတဲ့ စက်လှေတစီးကို မတ် ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။          စစ်ကိုင်းတိုင်း ကသာမြို့နယ် ချောင်းဝကျေးရွာမှာ တပ်စွဲထား‌တဲ့ စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို ရေယာဉ်နဲ့ ထွက်လာစဉ် ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအနီး ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ “မနက် ၁၀ နာရီခွဲလောက် စစ်တပ်က စက်လှေနဲ့ ဗန်းမော်ဘက်ကို ထွက်လာတုန်း   ပစ်ခံရတာ။ သူတို့ဘက်ကတော့ ၁၀ ဦးလောက်ရှိမယ်။ အပစ်ခံရတော့  ရေထဲခုန်ချသွားတယ်၊ ပစ်တာခတ်တာက သိပ်မကြာဘူး ၁၀ မိနစ်လောက်ပါပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ စက်လှေပေါ်မှာ စစ်ကောင်စီဘက်က […]

Most Read

2024-09-21 09:01:59