Breaking News >> News >> Democratic Voice of Burma


ကိယ်ဗ်မြို့အနီး ရုရှားတပ်များကို ယူကရိန်းစစ်သားများ တိုက်ခိုက်သည့်ရုပ်သံထုတ်လွှင့်


Link [2022-03-12 15:42:23]



ယူကရိန်းစစ်တပ်က ကိယ်ဗ်မြို့အနီး ကျေးရွာတရွာမှာ ရုရှားကျူးကျော်တပ်တွေကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တဲ့ ဗွီဒီယိုကို ယူကရိန်းစစ်သားတွေနဲ့အတူ လိုက်ပါနေတဲ့ ဂျာနယ်လစ်အဖွဲ့က ပြသခဲ့ပါတယ်။  ရုရှားတပ်တွေက ယူကရိန်းအရှေ့မြောက်ဘက် ကိယက်ဗ်မြို့ကို ရက်ပိုင်းအတွင်း သိမ်းပိုက်ဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ ပြောထားပါတယ်။  ယူကရိန်းမြောက်ပိုင်းကို အဓိကတိုက်ခိုက်ဖို့ ဝင်လာတဲ့ ရုရှားစစ်ကားယာဉ်တန်းဟာ စစ်ပွဲ စကတည်းက ဟိုက်ဝေးလမ်းပေါ်မှာ ရှေ့မတိုးနိုင် ဖြစ်နေတာပါ။  ရုရှားတို့က ကိယက်ဗ်မြို့တော်ရဲ့ လျှပ်စစ်မီးတွေကို ပထမဆုံး ဖြတ်တောက်ပစ်ဖို့ ကြိုးစား နေတယ်လို့လည်း ပြောပါတယ်။

Most Read

2024-09-22 04:41:26