Breaking News >> News >> Democratic Voice of Burma


မစ်ဇိုင်းဒုံးကျည် လမ်းကြောင်းမှားပြီး ပါကစ္စတန်သို့ ကျရောက်သဖြင့် အိန္ဒိယ တောင်းပန်


Link [2022-03-12 15:42:23]



အိန္ဒိယက မတ် ၉ ရက်မှာ မစ်ဇိုင်းဒုံးကျည်တခုကို နည်းပညာတွက်ချက်မှု လွဲမှားပြီး ပါကစ္စတန်ထဲ မတော်တဆ လမ်းကြောင်းမှား ပစ်ခတ်မိကြောင်း မတ် ၁၁ ရက်နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။ ကြေညာချက်မှာ ပါကစ္စတန်နယ်မြေထဲကို ဒုံးကျည်တခု လမ်းကြောင်းမှား ကျရောက်ခဲ့တဲ့အတွက် တောင်းပန်ကြောင်းနဲ့ အသက်ဆုံးရှုံးမှုတွေ မရှိတဲ့အတွက် စိတ်သက်သာရာရကြောင်း ဖော်ပြထားပါတယ်။  ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံအမတ်ကို ခေါ်ယူပြီး ခရီးသည်လေယာဉ်တွေနဲ့ အရပ်သားတွေကို ထိခိုက်နိုင်တာကြောင့် အဆိုပါပေါ့ဆမှုမျိုး ထပ်မဖြစ်စေဖို့နဲ့ ပါကစ္စတန်ဝေဟင်ထဲ ကျူးကျော်ဝင်ရောက်မှုက စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ကြောင်း သတိပေးခဲ့ပါတယ်။  နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယား ဒေသမှာ နယ်မြေအငြင်းပွားမှု ဖြစ်လေ့ရှိပြီး စစ်ပွဲကြီး ၃ ပွဲနဲ့ စစ်ပွဲငယ် မြောက်များစွာ ဖြစ်ခဲ့တာပါ။     

Most Read

2024-09-21 08:37:10