Breaking News >> News >> Democratic Voice of Burma


မြန်မာ့အရေးကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းမှု အဟန့်အတားဖြစ်ဟု အင်ဒိုပြော


Link [2022-03-09 15:53:26]



မြန်မာနိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါးပပျောက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ အမျိုးသားမူးယစ်ဆေးဝါးဘုတ်အဖွဲ့ (BNN) အကြီးအကဲက မတ်လ ၈ ရက်က ပြောပါတယ်။ကော်မရှင်နာမင်းကြီး ပီထရပ်စ်ရိန်းဟတ်ဂိုလို့စ်က “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ရဲ့ ဗျူဟာတွေထဲမှာ ပါဝင်နေပြီးတော့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ အားထုတ်ကြိုးပမ်းခဲ့ပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာလည်း အားလုံးက နားလည်ပါတယ်” လို့ အနောက်ဂျာဗားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ရွှေတြိဂံနယ်မြေဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ ကျယ်ကျယ်ပြန့်ပြန့် ထိစပ်နေတဲ့ နယ်မြေဧရိယာကို ရည်ညွှန်းတာဖြစ်ပြီး အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး အမျိုးအစား အမျိုးမျိုးကို အဓိကထုတ်လုပ်တဲ့ နေရာအဖြစ် လူသိများကြောင်းလည်း သူက […]

Most Read

2024-09-22 04:31:00