Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီသစ်တောဝန်ထမ်းများ မိန်းမလှကျွန်းသစ်တောကြိုးဝိုင်းမှသစ်များ ခိုးခုတ်နေ


Link [2022-03-09 15:53:26]



ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဒီရေတောအဖြစ် ထိန်းသိမ်းထားတဲ့ မိန်းမလှကျွန်းသစ်တော ကြိုးဝိုင်းထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သစ်ခုတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ သစ်တောဌာနဝန်ထမ်းတွေက ကွက်လပ်ဖြည့်စိုက်ခင်း စီမံကိန်းပြုလုပ်ဖို့အတွက် ဒေသခံသစ်ခုတ်သမားတွေနဲ့ ပေါင်းပြီး ထိန်းသိမ်းထားတဲ့ ဒီရေတောစိုက်ခင်းထဲက သစ်ပင်တွေကို ခုတ်ယူနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။ “အပင်ခုတ်ခ ကျွန်းခွေခ မီးရှို့ခတွေ ဝန်ထမ်းဘက်က ပေးစရာပေးမလိုဘူး၊ ခုတ်တဲ့သူက သစ်ပင်တွေ အကုန်ရတယ်။ ပြီးတော့ ကျွန်းခင်းထဲက ပင်လယ်နှမ်းလည်း ရိတ်ခွင့်ရတယ်။ အဲ့လိုမျိုးနဲ့ ပေါင်းလုပ်နေတာ ခုတော့ မိန်းမလှကျွန်းထဲက သစ်ပင်တွေလည်း ကုန်နေပါပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။ စိုက်ခင်းလုပ်မယ့်အကွက်ဆိုပြီး ဒေသခံသစ်ခုတ်သမားတွေကို ခုတ်ခိုင်းတဲ့အခါ သစ်ခုတ်သူတွေက အပြောင်ခုတ်လေ့ရှိပြီး ရလာတဲ့ သစ်ပင်တွေကို ထင်းအဖြစ်အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီရေတောအဖြစ် […]

Most Read

2024-09-22 04:48:39