Breaking News >> News >> Democratic Voice of Burma


ကျေးရွာတခုချင်းအလိုက် ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ တောင်းဆို


Link [2022-03-09 15:53:26]



ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာဘက်က ပြန်လက်ခံမယ်ဆိုရင် မူလကျေးရွာတခုချင်းအလိုက် လက်ခံပေးဖို့ ဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မာမတ်ရှော်ဘီက “ဟုတ်ပါတယ်။ ကျနော်တို့ အဓိက လိုချင်တာက မိမိတို့ နေထိုင်ခဲ့တဲ့ မူလကျေးရွာ နေရာတွေပါ။ ဒါကြောင့် ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုတွေအလိုက် ပြန်လည်လက်ခံရမှာပါ။ မဟုတ်ရင် သူတို့ချပေးတဲ့ စုရပ်နေရာတွေမှာပဲ နေထိုင်သွားရမှာ၊ မူလကျေးရွာနေရာမှာ ပြန်လည်နေထိုင်ခွင့် ရကြမှာမဟုတ်ဘူး” လို့ ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ နေရပ်ပြန်နိုင်ရေး စာရင်းကောက်ယူရာမှ ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုအလိုက် စာရင်းကောက်ယူခြင်း မရှိသလို မြန်မာဘက်က ပေးပို့လာတဲ့ ပြန်လည်လက်ခံရေး စာရင်းတွေမှာလည်း ကျေးရွာတခုချင်းစီရဲ့ အိမ်ထောင်စုစာရင်းအတိုင်း မဟုတ်တဲ့အတွက် မူလကျေးရွာ နေရာတွေမှာ ပြန်လည်နေထိုင်လို့ မရမှာကို […]

Most Read

2024-09-21 08:32:13