Breaking News >> News >> Democratic Voice of Burma


ရွာလုံးကျွတ်မီးလောင်သွားသည့် ထလာထုရွာသားများ စားဝတ်နေရေး အကူအညီ လိုအပ်နေ


Link [2022-03-09 15:53:26]



ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ခါကာဘိုရာဇီတောင်ခြေက ရွာလုံးကျွတ် မီးလောင်ပြကျသွားတဲ့ ထလာထုကျေးရွာသားတွေ စားဝတ်နေရေး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။မတ် ၄ ရက်နေ့က ရွာသားတွေအားလုံး တောင်ယာခင်းဘက် ရောက်နေတဲ့အချိန် မီးလောင်ကျွမ်းကာ ရွာလုံးကျွတ် ပြာကျသွားတာဖြစ်ပြီး ဘယ်လို စတင်လောင်ကျွမ်းတယ်ဆိုတာ မသိရသေးပါဘူး။ထလာထုကျေးရွာဟာ နောင်မွန်မြို့နယ်ရဲ့ မြို့နယ်အခွဲဖြစ်တဲ့ ပန်နန်းဒင်မြို့က‌နေ ၆ ရက် ခြေလျင်ခရီး သွားရတဲ့နေရာမှာ တည်ရှိပြီး အခုမီးလောင်မှုကို ပူတာအို ပရဟိတလူငယ် ကိုဆန်လုရမ်ဆိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဒီဒေသဟာ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲသလို ဆင်းရဲနွမ်းပါးတဲ့ဒေသ ဖြစ်တဲ့အတွက် ရွာသားတွေဟာ သွပ်မိုးပျဉ်ထောင်အိမ် မဆောက်နိုင်ဘဲ ဝါးအိမ်နဲ့ သစ်လုံးအိမ်တွေပဲ ဆောက်လုပ်နိုင်ကြပြီး အိမ်အမိုးတွေကို သက်ကယ်ရွက်တွေနဲ့ပဲ မိုးထားနိုင်ပါတယ်။ရွာနယ်မြေ ကျဉ်းမြောင်းတဲ့အတွက် တအိမ်နဲ့တအိမ်ကြား ၂ ပေခန့်သာကွာအောင် ဆောက်လုပ်ထားပြီး ခေါင်မိုးတွေ […]

Most Read

2024-09-21 08:50:13