Breaking News >> News >> Democratic Voice of Burma


အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စစ်တွေတွင် လူငယ်များစုပေါင်း အမှိုက်ကောက်(ဓာတ်ပုံ)


Link [2022-03-09 04:13:46]



မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံက လူငယ်တွေ စုပေါင်းပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အမှိုက်ကောက် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါလှုပ်ရှားမှုကို အမျိုးသမီးကွန်ရက် (ရခိုင်ပြည်နယ်-WNRS)၊ လူငယ်ကွန်ရက်(ရခိုင်ပြည်နယ်-YNRS)နဲ့  လူမှုဘဝဖွံ့ဖြိုးရေးအဖွဲ့(CDC)တို့ ပူးပေါင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ မူဆလင်၊ ဟိန္ဒူ၊ ကမန်၊ မာရာမာကြီး၊ ရခိုင်စတဲ့ လူဦးရေ ၈၀ လောက် ပါဝင်ခဲ့ကြကာ ဘီလူးမတံတားအနီးမြို့လယ် ချောင်းတစ်လျှောက် အမှိုက်ကောက်တာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Most Read

2024-09-22 04:41:12