Breaking News >> News >> Democratic Voice of Burma


ရန်ကုန်တွင် ဘက်ထရီသုံးအင်ဗာတာနှင့် ဆိုလာလျှပ်စစ်ပစ္စည်းများ ရောင်းကောင်းနေ


Link [2022-03-09 04:13:46]



ရန်ကုန်မြို့က လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးစျေးကွက်မှာ ဘက်ထရီသုံးအင်ဗာတာနဲ့ ဆိုလာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေ လက်ကျန်ပြတ်လပ်တဲ့အထိ ရောင်းကောင်းနေတယ်လို့ လျှပ်စစ်ပစ္စည်းရောင်းဝယ်တဲ့သူတွေထံက သိရပါတယ်။ စစ်ကောင်စီလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေကို အတင်းအကျပ် ကောက်ခံနေပေမဲ့ လျှပ်စစ်မီးက ပုံမှန်မပေးနိုင်တဲ့အတွက် ရန်ကုန်မြို့နေ လူတန်းစားတွေက အင်ဗာတာသုံး ဘက်ထရီနဲ့ နေရောင်ခြည်သုံးစွမ်းအင်ပစ္စည်းတွေကို အစုလိုက်အပြုံလိုက် ဝယ်ယူနေကြတာကြောင့် စျေးကွက်မှာ ပစ္စည်း လက်ကျန်ပြတ်လပ်တဲ့အထိ ရှိလာပါတယ်။ ရန်ကုန်မြို့မှ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက “အခုဆိုရင် အင်ဗာတာတွေအတွက် ကွိုင်ခွေတဲ့သူတွေက မမီတော့လို့ဆိုပြီး ဖြစ်လာတာ။ ဒါကြောင့် ကျနော်တို့ဆိုင်မှာ အင်ဗာတာအရောင်းက ခဏရပ်ထားတယ်ခင်ဗျ။ ကျနော်တို့ သိရသလောက်က ၂၀၀၀ ၊ ၃၀၀၀ လောက်တော့ အကြမ်းမျဉ်းပေါ့။ တက်မယ်လို့တော့ သူတို့ပြောတယ်ဗျ။ ဒါကလည်း သူတို့ဘက်က စျေးအပြောင်းအလဲဖြစ်သွားလို့ ကျနော်တို့ကလည်း လိုက်ပြောင်းရတာပါ။ များသောအားဖြင့် အဝယ်များတာက ဘယ်လိုတွေလဲဆိုရင် […]

Most Read

2024-09-22 04:59:17