Breaking News >> News >> Democratic Voice of Burma


ဗြိတိန်ဘုရင်မကြီးနှင့် ကနေဒါဝန်ကြီးချုပ် တွေ့ဆုံ


Link [2022-03-09 04:13:46]



ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူနဲ့ အင်္ဂလန်က ဝင်ဆာရဲတိုက်မှာ မတ်လ ၇ ရက်က တွေ့ဆုံပါတယ်။ ဒါဟာ ဘုရင်မကြီးအတွက် အရင်လက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရအပြီး ပထမဆုံး တရားဝင် လူချင်းတွေ့ဆုံမှုဖြစ်လာပါတယ်။  အသက် ၉၅ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရချိန်က အပျော့စား အအေးမိလက္ခဏာတွေကိုသာ ခံစားခဲ့ရအပြီး သူ့ရဲ့ပုံမှန်တာဝန်တွေကို ပြန်ထမ်းဆောင်နေပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က ကိုဗစ်-၁၉ ရောဂါ ခံစားရတယ်လို့ ကြေညာအပြီး သူ့ရဲ့ ပေါ့ပေါ့ပါးပါး တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ခဲ့ပါတယ်။ ဗြိတိန်ကို အလည်ရောက်နေတဲ့ ထရူဒူကတော့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံမှာပါ။ ယူကရိန်းကို ရုရှားက ကျူးကျော်မှုအပေါ် နိုင်ငံတကာက တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ […]

Most Read

2024-09-22 04:50:00