Breaking News >> News >> Democratic Voice of Burma


မူဆယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၊ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ


Link [2022-03-09 04:13:46]



ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက နစကလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရတာကြောင့် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသွားပါတယ်။  မူဆယ်မြို့မြောက်ရပ်ကွက် တော်ရွက်အဆင်းလမ်းရှိ နေအိမ်တအိမ်က အသုဘတစ်ခုကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရောက်နေကြောင်း၊ နေ့ခင်းပိုင်း အသုဘသွားချနေတုန်း တချို့က အိမ်စောင့်ကျန်ခဲ့ကြောင်း၊ အိမ်ဝင်းထဲမှာ လူ ၈ ယောက်လောက်ထိုင်နေစဉ် သေနတ်သမားတွေက လာပစ်သွားတာလို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။  “သူတို့အိမ်ဝင်းထဲမှာ ထိုင်နေတာ ၈ ယောက်ပေါ့။ အဲဒီမှာ သေနတ်သမားတွေက ဆိုင်ကယ်စီးပြီးတော့  ဝင်ပစ်သွားတာ။ လာပစ်တာ ဘယ်နှယောက်လဲတော့မသိဘူး။ အိမ်ဝင်းထဲ ၈ ယောက်ရှိတဲ့ထဲက  သေနတ်မှန်တာ ၄ ယောက်၊ ၂ ယောက်က ဆုံးသွားပြီ၊ ပရဟိအဖွဲ့က မူဆယ်ဆေးရုံပို့ထားတယ်။ အပစ်ခံရတဲ့သူတွေဟာ မော်ဆောင်းပြည်သူ့စစ်အဖွဲ့ကဖြစ်ကြောင်း၊ […]

Most Read

2024-09-22 07:38:19