Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်တွင် စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် က​လေးငယ် ၂ ဦးအပါအဝင် ၆ ဦး​သေဆုံး


Link [2022-03-09 04:13:46]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လက်ပံ​တော(လက်ပ​တော)​ကျေးရွာမှာ စစ်​ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှု​ကြောင့် က​လေးငယ်  ၂ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ​သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  မတ် ၇ ရက်​နေ့က စည်​လှောင်​ကျေးရွာအတွင်းမှာ ညအိပ်တပ်စွဲခဲ့တဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ဒီ​နေ့ မနက်ပိုင်းကစတင်ပြီး ​ကျေးရွာ​တွေဘက်ကို လှည့်လည်စီးနင်းခြင်း​တွေပြုလုပ်ခဲ့ကြရာက​နေ လက်ပံ​တော (လက်ပ​တော)​ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်​ရောက်ခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ အဲဒီလို ပစ်ခတ်ဝင်​ရောက်လာစဥ်မှာ စစ်​ရှောင်​နေတဲ့ ပြည်သူ​အချို့ လက်နက်ကြီး ထိမှန်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာ ရသူလည်းရှိခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ​အပြစ်မဲ့ပြည်သူ ၆ ဦး​သေဆုံးခဲ့ရပြီး ၁ ဦးက​တော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​ပြောပါတယ်။  က​လေးငယ်  ၂ […]

Most Read

2024-09-22 07:57:41