Breaking News >> News >> Democratic Voice of Burma


ယူကရိန်းနိုင်ငံ ဇွတ်တိုမြာဒေသကို ရုရှားက လေကြောင်းတိုက်ခိုက်


Link [2022-03-08 16:33:31]



ယူကရိန်းနိုင်ငံ ဇွတ်တိုမြာဒေသကို  မတ်လ ၇ ရက်နေ့မှာ ရုရှားစစ်တပ်က  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့လို့   ဓာတ်ဆီဆိုင်တွေ မီးလောင်သွားခဲ့တယ်လို့   အရေးပေါ်ဌာနက ပြောပါတယ်။ ဇွတ်တိုမြာမြို့မှာရော ချာညက်ကိဗ်မြို့မှာပါ မီးလောင်ခဲ့တာမှာ ဇွတ်တိုမြာမြို့မှာ မီးက ဒေသစံတော်ချိန် ည ၉ နာရီခွဲမှာ ထိန်းချုပ်နိုင်ခဲ့ပြီး မီးကြောင့် အသေအပျောက်နဲ့ ဒဏ်ရာရသူ ရှိမရှိမသိရသေးပါဘူး။ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ၆၂ မိုင်အကွာ ဇွတ်တိုမြာမြို့နားက လေကြောင်းတိုက်ပွဲမှာ ယူကရိန်းရဲ့ Su-27 တိုက်လေယာဉ် ၄ စီး ပစ်ချခံရတယ်လို့ ရုရှာကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရုရှားမီဒီယာ အင်တာဖက်စ်က သတင်းထုတ်ပါတယ်။

Most Read

2024-09-22 07:29:42