Breaking News >> News >> Democratic Voice of Burma


ရုရှားစွမ်းအင်ကဏ္ဍကို အီးယူက ပိတ်ဆို့ဒဏ်ခတ်မှုမလုပ်သည့်ကိစ္စ ဂျာမနီခေါင်းဆောင်ပြော


Link [2022-03-08 16:33:31]



ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့စာရင်းထဲကနေ ရုရှားစွမ်းအင်ကဏ္ဍကို ဖယ်ထုတ်ထားဖို့ အီးယူ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဂျာမန်အဓိပတိ အောလော့ဖှ်ရွှိုက်ဇ်က မတ်လ ၇ ရက်မှာ ကာကွယ် ပြောကြားလိုက်ပါတယ်။ တခြားရင်းမြစ်တွေကို ရှာတွေ့တဲ့အထိ ရုရှားစွမ်းအင်တွေကို လိုနေဦးမယ်လို့လည်း သူက ပြောပါတယ်။ ရုရှားရဲ့ စွမ်းအင်ကလွဲလို့ တခြား အစားထိုးသုံးစရာတွေကို တီထွင်ဖို့ ပြည်ထောင်စုအစိုးရဟာ ဥရောပသမဂ္ဂထဲက သူ့မိတ်ဖက်တွေနဲ့ အရေးပေါ်အလုပ်လုပ်နေတာ လချီ ရှိနေပါပြီလို့လည်း ရွှိုက်ဇ်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ဒါဟာ နေ့ချင်းညချင်း လုပ်ပြီးနိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ တနင်္လာ မွန်းလွဲပိုင်းကတော့ ရွှိုက်ဇ်ဟာ ယူကရိန်း အကျပ်အတည်းကို ဆွေးနွေးဖို့ ပြည်ထောင်စုလုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Most Read

2024-09-22 07:57:24