Breaking News >> News >> Democratic Voice of Burma


မြန်မာအမျိုးသမီးများနှင့်အတူ တသားတည်းရပ်တည်ဟု ကုလသမဂ္ဂပြော


Link [2022-03-08 16:33:31]



နိုင်ငံ့အနာဂတ်ကို ပုံဖော်ရာမှာ မြန်မာအမျိုးသမီးတွေနဲ့ တသားတည်းရှိကြောင်းနဲ့ သူတို့ ဘက်က ရပ်တည်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမှာ မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာစေဖို့ ပြောင်းလဲပေးနေတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ ပါ၀င် ဆောင်ရွက်မှု၊ သူတို့ရဲ့ အတွေးအခေါ်၊ တီထွင် ဆန်းသစ်မှုတွေ၊ တက်ကြွလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ခေါင်းဆောင်မှုတွေကို အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကျား၊ မ ရေးရာ တန်းတူညီမျှမှု မရှိပါက ရေရှည်တည်တံ့တဲ့ အနာဂတ်၊ တန်းတူ ညီမျှတဲ့ အနာဂတ်ကို ရောက်ရှိဖို့ အလှမ်းဝေးနေဦးမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် သမိုင်းတလျှောက်လုံးတွင် မြန်မာအမျိုးသမီးတွေဟာ နိုင်ငံဖွံဖြိုးတိုးတက်မှုမှာ အဓိက အခန်းကဏ္ဍက ဆောင်ရွက်ခဲ့ကြပြီး […]

Most Read

2024-09-22 07:37:29