Breaking News >> News >> Democratic Voice of Burma


အမရပူရမြို့နယ်ရှိ နေအိမ်တအိမ်တွင် ဗုံးပေါက်ကွဲပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာရ


Link [2022-03-08 16:33:31]



မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု သရက်တန်းရွာရှိ နေအိမ်တလုံးမှာ  မတ်လ ၇ ရက် မနေ့ ည ၈ နာရီလောက်က  ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက် စိုးရိမ်ဒဏ်ရာတွေဖြစ်ကာ ကျန်၂ ယောက်ကတော့  မစိုးရိမ်ရဘူးလို့ သိရပါတယ်။ “ဖြစ်တဲ့နေရာက မြစ်ငယ်အနောက်ဘက်မှာ။ မြစ်ငယ်မှာက မီးရထားဝန်ထမ်းတွေကို ဖိနေတာဆိုတော့ သူတို့နဲ့ ဆက်စပ်တဲ့သူကို သတိပေးတဲ့အနေနဲ့ လုပ်တာလို့ ထင်တယ်။ တခြားတော့ မသိရဘူး” လို့ အမရပူရမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။ မြစ်ငယ်မှာ CDM မီးရထားဝန်ထမ်းတွေကို စစ်ကောင်စီက လိုင်းခန်းကနေ နှင်ချတာ၊ လူနေအိမ်တချို့ ကို ဖယ်ရှားရွှေ့ပြောင်းခိုင်းနေတာတွေ လုပ်နေပါတယ်။

Most Read

2024-09-22 07:42:36